Call Us : +95 9779991815

1 Page Business Plan

Business Plan ဟာ လုပ်ငန်းတစ်ခုစတင်ရာမှာ အသက်တမျှအရေးကြီးပါတယ်။

ဒါပေမယ့်... Business Plan တွေ အရှည်ကြီးဆွဲရင်းနဲ့ မိမိရဲ့ Business Idea တွေ ဖုန်တက်နေပြီလား ?

လုပ်ငန်းတစ်ခုစတင်ဖို့ အတွက် အရေးအကြီးဆုံးက စတင် လုပ်ကိုင်ဖို့ပါဘဲ။

1 Page Business Plan နဲ့ အမြန်ဆုံးရေးဆွဲပြီးသာ စတင်လိုက်ပါ။

==============================

 

လုပ်ငန်းစတင်တုန်းက ရေးဆွဲထားတဲ့ Business Plan အရှည်ကြီးအတိုင်း လုပ်ကိုင်လို့မရ ဖြစ်နေပြီလား ?

လက်တွေ့လုပ်ငန်းလုပ်ကိုင်ရာမှာ မိမိမျှော်မှန်းထားသလို အရာအားလုံးဟာ ဖြစ်မလာပါ။

1 Page Business Plan နဲ့ ကြုံတွေ့လာရတဲ့ အခြေအနေအပေါ်မှာ လက်တွေ့ကျကျပြင်ဆင် တုန့်ပြန်လိုက်ပါ။

==============================

 

1 Page Business Plan ဆိုတာ?

ကမ္ဘာကျော် LEAN startup concept အပေါ် အခြေခံထားတဲ့ Entrepreneur တွေအတွက် သီးသန့် ရည်ရွယ်ထားတဲ့ LEAN Canvas

Startup လုပ်ငန်းတွေအတွက် လွယ်ကူရိုးရှင်းမှု၊ မြန်ဆန်စွာ စတင်နိုင်မှု နဲ့ သွက်လက်စွာ ပြောင်းလဲနိုင်မှုတို့ကိုပေးနိုင်သော Plan နည်းစနစ်

Startup လုပ်ငန်းတွေ အတွက် မရှိမဖြစ်လိုအပ်တဲ့ ရှုထောင့် ၉ ခု ဖြင့် ပေါင်းစပ်တည်ဆောက်ထားတဲ့ Plan

မဟာဗျူဟာမြောက် ရှုထောင့် ၉ခု မှာ

- Customer Segments ရှုထောင့်

- Problem ရှုထောင့်

- Solution ရှုထောင့်

- Unique Value Proposition ရှုထောင့်

- Revenue Streams ရှုထောင့်

- Channels ရှုထောင့်

- Cost Structure ရှုထောင့်

- Unfair Advantage ရှုထောင့်

- Key Metrics ရှုထောင့်

==============================

 

သင်တန်းတက်ရောက်ခြင်းဖြင့်

မဟာဗျူဟာမြောက် ရှုထောင့် ၉ ခုမှ ကြည့်မြင်သုံးသပ်၍ ထိရောက် လက်တွေ့ကျသည့် Business Plan ကို ပိုင်နိုင်စွာ ရေးဆွဲနိုင်မယ်

လုပ်ငန်းတစ်ခု စတင်ရာတွင် သိကိုသိရမည့် ဆောင်ရန်ရှောင်ရန် နည်းလမ်းများကိုလည်း သိရှိနားလည်လာမယ်

မိမိလုပ်ငန်းဆုံးရှုံးနစ်နာနိုင်ချေကိုလျှော့ချပေးနိုင်မည့် နည်းလမ်းများကိုလည်း သိရှိလာမယ်

လုပ်ငန်းရဲ့ကုန်ကျစရိတ်ကိုလျှော့ချနိုင်ပြီး အမြတ်တိုးပွားအောင်လုပ်ဆောင်နိုင်မည့် နည်းလမ်းများကိုလည်း သိရှိလာမယ်

စီးပွားရေးအတွေးအခေါ်အသစ်များလည်း ချဲ့ထွင်စဉ်းစားလာနိုင်မယ်

သင့်စိတ်ကူးထဲက Business Idea ကို လက်တွေ့လုပ်ငန်းတစ်ခုအဖြစ် စနစ်တကျအကောင်အထည်ဖော်နိုင်မည့် နည်းလမ်းများသိရှိလာမယ်။

==============================

 

သင်တန်းကိုဘယ်သူတွေတက်ရောက်သင့်သလဲ?

အောင်မြင်သော ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို စတင်ချင်သူများ

လက်ရှိလုပ်ငန်းကို ယခုထက် ပိုမိုတိုးတက် အောင်လုပ်ကိုင်ချင်သူများ

 မိရိုးဖလာလုပ်ငန်းမှ ပိုမိုစနစ်ကျသော SME လုပ်ငန်းတစ်ခုသို့ပြောင်းလဲချင်သူများ တက်ရောက်သင့်တဲ့ သင်တန်းဖြစ်ပါတယ်။

==============================

 

Trainer ၏ ကိုယ်ရေးအကျဉ်း

 

ဦးမောင်မောင်ထူးအောင်လင်း သည်

MBA (JCU, Australia)

Bachelor of Business Administration (YUEco, Myanmar)

PG. Diploma in Business Law (YU, Myanmar)

Diploma in Business Administration (NCC, UK)

Certified Trainer (ILO)

 

Australia နိုင်ငံ James Cook University မှ MBA ဘွဲ့ကို ရရှိအောင်မြင်ခဲ့ပြီး၊

Myanmar Imperial College တွင် General Manager အဖြစ် ၂၀၁၂ မှ ၂၀၁၅ အထိ တာဝန်ယူထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် LEAD academy ၏ Founder & CEO အဖြစ် တာဝန်ယူ ထမ်းဆောင်လျက်ရှိကာ၊

ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်လိုသူများ နှင့် လုပ်ကိုင်နေသူများအား စွန့်ဦးတီထွင်အကြံပေး အဖြစ်လုပ်ကိုင်ပြီး သင်တန်းများ ပို့ချ အသိပညာမျှဝေလျက်ရှိပါသည်။

==============================

 

အထူးအစီအစဉ်

Online Consultancy Package - သင်တန်းပြီးဆုံးသွားသော်လည်း Online ကနေ မိမိလုပ်ငန်း Plan နှင်ပက်သက်ပြီး ဆရာနှင့်ဆက်လက်၍ တစ်ဦးချင်းတိုင်ပင်ဆွေးနွေးနိုင်မည့်အခွင့်အရေးရရှိပါမည်။

==============================

 

သင်တန်းတက်ရောက်ပြီးသူတချို့ရဲ့ review များ

 

ကျွန်တော် Business Plan နှင့် ပတ်သက်သည့်အကြောင်းအရာများ၊ ပိုမိုကျယ်ပြန့်ကောင်းမွန်တိကျတဲ့ Business Plan ဆွဲနည်းများကို အချိန်တိုတိုနှင့် နားလည်လွယ်ကူရှင်းလင်းစွာ တက်ရောက်ရခဲ့သည့်အတွက် ဝမ်းမြောက်မိပါတယ်။ ရခဲ့သည့်အတွေ့အကြုံတွေများပြားလွန်းခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ်ဗျာ။

U Pyae Phyo Paing (Estern Shan State ဦးရှဲန်လာ Trading မိသားစု)

 

အရင်​က အလုပ်​လုပ်​ရင်​ အဆင်​​ပြေသလိုစလုပ်​ခဲ့တာ သင်​တန်းတတ်​ပြီး​နောက်​မှာ လုပ်​ချင်​တဲ့ idea ​တွေကို 1page plan ထဲထည့်​ပြီး တွက်​ချက်​ပြီးမှ လုပ်​လာတယ်

ပိုပြီး အစီစဉ်​ကျပြီး ထိ​ရောက်​လာတယ်

အခုလို အသုံးဝင်​တဲ့နည်းလမ်း​လေး သင်​ကြားခွင့်​ရတာ ​ကျေးဇူးတင်​ပါတယ်​ရှင့်

Daw Thin Myat Aung (Dhobi Laundry)

 

လုပ်ငန်းတွင်လစ်ဟာနေသော ဟာကွက်များကိုတွေ့ရှိရပါသည်။ လိုအပ်နေသော Service များ၊ Delivery System နှင့် How to solve the problem ကိုလေ့လာသိရှိရပါသည်။

Daw Moh Moh Khaing (San Toe Fashion Shop)

 

ယခင်ကထက် Business Plan နှင်ပတ်သက်လို့ပိုသိလာပါတယ်။ မိမိလုပ်ငန်းကိုအချိန်တိုတိုနဲ့အောင်မြင်နိုင်မယ့် နည်းလမ်းတွေလဲရရှိလာတယ်။ ဗဟုသုတတွေလည်းရရှိခဲ့ပါတယ်။

Daw Kay Thwe Soe

 

Unique Value Proposition ကိုကောင်းစွာနားလည်ခဲ့ရခြင်း၊ လုပ်ငန်းလုပ်ကိုင်ရန်အတွက်ယုံကြည်မှုပိုများလာခြင်း၊ Customer Segment အတွက်ကောင်းစွာရွေးချယ်တက်ခြင်း၊ စသည့်အကျိုးကျေးဇူးများစွာရရှိသောကြောင့် တကယ်ကိုအကျိုးရှိသောသင်တန်းဖြစ်ပါသည်။

Daw J.Htu San

 

ယခုသင်တန်းမှလုပ်ငန်းအတွက် Idea အသစ်များ၊ ပြုပြင်ရန်လိုအပ်ချက်များကိုရရှိပါသည်။

Daw Moe Moe Lwin (XY Bakery)

 

Business Plan သင်တန်းမှလုပ်ငန်းအသစ်ထူထောင်ရန် Plan စနစ်တကျဆွဲပြီးလုပ်ဆောင်ရမည်။ စီးပွားရေးလုပ်ငန်းအတွက် အကျိုးအမြတ်ရအောင် ဆုံးရှုံးမှုနည်းနည်းနှင့် လုပ်ဆောင်နိုင်ရန်စဉ်းစားမိခြင်း၊ မိမိခုလက်ရှိလုပ်ကိုင်နေသာ လုပ်ငန်းကိုပိုမိုတွင်ကျယ်အောင်လုပ်ဆောင်မည့်နည်းလမ်းရရှိခြင်း၊ ကောင်းမွန်သောအတွေး၊ လုပ်ဆောင်ရမည့်အရည်အချင်းများရရှိအောင် ဆရာမှသင်ကြားပေးခြင်း၊ အများအားဖြန့်ဝေပေးနိုင်အောင်လုပ်ဆောင်နိုင်မည်ဟု တွေးမိပါတယ်။

Daw Nyo Nyo Aung Kyaw (Asia Delight Travel – Travel & Tours)

==============================