Call Us : +95 9779991815

Power of Execution

Strategy/Plan + Execution = Success

မဟာဗျူဟာ + အကောင်အထည်ဖော်ခြင်း = အောင်မြင်မှု

 

အောင်မြင်တဲ့လုပ်ငန်းတစ်ခုကိုတည်ဆောက်တဲ့နေရာမှာ မဟာဗျူဟာရေးဆွဲခြင်းကအရေးကြီးပါတယ်။ ဒါပေမယ့် ဗျူဟာကောင်းနေယုံနှင့်မရပဲ အဲ့ဒီဗျူဟာ ကိုအပြည့်အဝကောင်အထည်ဖော်နိုင်မှသာ ကိုယ်လိုချင်တဲ့ရလဒ်တွေကို ရရှိမှာဖြစ်ပါတယ်။

 

လုပ်ငန်းတွေ၊ အသင်းအဖွဲ့တွေမှာဦးစီးဦးဆောင်လုပ်နေရတဲ့ ခေါင်းဆောင်တွေကိုမေးကြည့်မယ်ဆိုရင် အကောင်အထည်ဖော်ရခြင်းက ပိုခက်ခဲတယ်လို့ဖြေကြပါလိမ့်မယ်။

 

အဲ့ဒါဆိုပြောမယ် ခေါင်းဆောင်လုပ်တဲ့သူက မဟာဗျူဟာ တွေရေးဆွဲမယ်၊ ဦးဆောင်မယ်၊ အဖွဲ့ကညွှန်ကြားချက်တွေအတိုင်း လုပ်မယ်၊ အဲ့ဒါဆိုပြီးပြီပေါ့။ အကောင်အထည်ဖော်ရတာ ဘာများခက်လို့လဲပေါ့ ဆိုပြီးပြောစရာရှိပါတယ်။ ဒါပေမယ့် သင့်ကိုယ်သင်ဘဲပြန်မေးကြည့်ပါ။ အဲ့လိုဟုတ်ပါသလားလို့။

 

ဘာလို့ အကောင်အထည်ဖော်ရတာကခက်ခဲရတာလဲ? အဲ့လိုခက်ခဲတဲ့အတွက် ငါတို့ရဲ့မဟာဗျူဟာတွေကို ဒီအတိုင်းထားရတော့မှာလား?

 

ဒါကြောင့် သင့် Plan တွေအပြည့်အဝအကောင်အထည်ဖော်နိုင်စေဖို့ Power of Execution ဆိုတဲ့သင်တန်းကို March လ 4 (Sun) ရက်နေ့မှာဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

 

ဒီသင်တန်းကိုတတ်ရောက်ပြီးတဲ့အခါမှာ

==============

သင်ရေးဆွဲထားတဲ့ Plan တွေကို ယခုထက်ပိုပြီး အပြည့်အဝအကောင်အထည်ဖော်လာနိုင်မယ်

သင့်လုပ်ငန်းရဲ့လူအင်အား၊ ငွေအင်အား နှင့် အချိန် ပြုန်းတီးမှုတွေကို လျှော့ချနိုင်မယ်

သင့်ရဲ့လုပ်ငန်းမှာ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ပိုမိုအားကောင်းလာမယ်

သင့်လုပ်ငန်းအတွင်း ပူးပေါင်းညှိနိုင်းဆောင်ရွက်မှုတွေ ပိုမိုအားကောင်းလာမယ်

သင့်လုပ်ငန်းရဲ့ အလုပ်ပြီးမြောက်မှုအပိုင်းတွေ သိသိသာသာတိုးတက်လာမယ်

 

 

ဒီသင်တန်းကဘယ်သူတွေအတွက်လဲ?

==============

လက်ရှိလုပ်ငန်းကို ယခုထက် ပိုမိုတိုးတက် အောင်လုပ်ကိုင်ချင်သူများ

အောင်မြင်သော ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို စတင်ချင်သူများ

မိရိုးဖလာလုပ်ငန်းမှ ပိုမိုစနစ်ကျသော SME လုပ်ငန်းတစ်ခုသို့ပြောင်းလဲချင်သူများ တက်ရောက်သင့်တဲ့ သင်တန်းဖြစ်ပါတယ်။

ဒီသင်တန်းဟာ သင့်အလုပ်၊ သင့်လုပ်ငန်းကို ယခုထက်ပိုမိုတိုးတက်အောင်မြင်ချင်သူတိုင်း တက်ရောက်သင့်တဲ့သင်တန်းတစ်ခုဖြစ်ပါတယ်။

 

 

Trainer ၏ ကိုယ်ရေးအကျဉ်း

==============

 

ဦးမောင်မောင်ထူးအောင်လင်း သည်

 

MBA (JCU, Australia)

Bachelor of Business Administration (YUEco, Myanmar)

PG. Diploma in Business Law (YU, Myanmar)

Diploma in Business Administration (NCC, UK)

Certified Trainer (ILO)

 

Australia နိုင်ငံ James Cook University မှ MBA ဘွဲ့ကို ရရှိအောင်မြင်ခဲ့ပြီး၊

 

Myanmar Imperial College တွင် General Manager အဖြစ် ၂၀၁၂ မှ ၂၀၁၅ အထိ တာဝန်ယူထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် LEAD academy ၏ Founder & CEO အဖြစ် တာဝန်ယူ ထမ်းဆောင်လျက်ရှိကာ၊

 

ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်လိုသူများ နှင့် လုပ်ကိုင်နေသူများအား စွန့်ဦးတီထွင်အကြံပေး အဖြစ်လုပ်ကိုင်ပြီး သင်တန်းများ ပို့ချ အသိပညာမျှဝေလျက်ရှိပါသည်။

 

အထူးအစီအစဉ်

==============

 

Online Consultancy Package - သင်တန်းပြီးဆုံးသွားသော်လည်း Online ကနေ မိမိလုပ်ငန်းဗျူဟာတွေကို အကောင်အထည်ဖော်ခြင်းနှင့်ပက်သက်ပြီး ဆရာနှင့်ဆက်လက်၍ တစ်ဦးချင်းတိုင်ပင်ဆွေးနွေးနိုင်မည့်အခွင့်အရေးရရှိပါမည်။